Tuesday, June 30, 2015

မဟာနွယ်ကျောင်းဆောင်အသစ် ဆောက်လုပ်မှု နောက်ဆက်တွဲ ဓာတ်ပုံများ

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ ၂၀၁၅ ခုနှစ်၊ ဇွန်လ ၂၈ ရက်နေ့က မဟာနွယ် ပရဟိတကျောင်းကို ခေတ္တသွားရောက် ခဲ့ပါတယ်။ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ထဲမှာပဲ သီတင်းသုံးတဲ့ ပတ္တမြားရောင်ခြည်ကျောင်းတိုက်က ဆရာတော်က မဟာနွယ် ပရဟိတကျောင်းမှာ နေ့စဉ်အစားအသောက်အတွက် လိုအပ်တဲ့ရိက္ခာတွေကို သွားရောက်လှူ ဒါန်းတဲ့ခရီးမှာ လိုက်ပါခဲ့ရင်း ဒီကျောင်းကို ထပ်မံရောက်ရှိခဲ့တာပါ။
ရောက်လက်စနဲ့ ဆောက်လုပ်ဆဲဖြစ်တဲ့ ကလေးများအတွက် စာသင်ဆောင်နဲ့ အိပ်ဆောင် အသစ် အခြေအနေကိုလည်း မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ခဲ့ပါတယ်။ ဒီပုံတွေကိုလည်း ဖော်ပြပေးလိုက်ပါတယ်။ ကျောင်းဆောင်သစ် ဆောက်လုပ်မှူ အတွက် ပါဝင်လှူ ဒါန်းခဲ့ကြတဲ့ အလှူ ရှင်တွေလည်း မိမိအလှူ ကြောင့် တိုးတက်လာတဲ့ ကျောင်းဆောင်လေးကိုကြည့်ပြီး စိတ်ချမ်းမြေ့ကြမယ်လို ယုံကြည်ပါတယ်။
အဲဒီနေ့က ပတ္တမြားရောင်ခြည်ဆရာတော်က မဟာနွယ် ပရဟိတကျောင်းအတွက် ဆန် ၁၀ အိတ်၊ ဆီ ပိဿာ ၃၀၊ ကျောင်းထိုင်ဆရာတော်အတွက် ၀ါဆိုသင်္ဃန်း၊ အလှူ ရှင် ကိုနိုင်လင်းနဲ့ မစောသီရိစန္ဒာမွန်တို့ က ကလေးများအတွက် ကျောင်းသုံး လေ့ကျင့်ခန်းစာအုပ်များ (ကျပ် ၃၇၀၀၀ ခန့်)နဲ့ အခြားအလှူ ရှင်တစ်ဦး က လှူ ဒါန်းတဲ့ မူလတန်းကလေးများအတွက် အင်္ကျီ (ကျပ် ၂၀၀၀၀ ခန့်) ကို စုပေါင်းလှူ ဒါန်းခဲ့ပါတယ်။
ကျောင်းဆောင်သစ်ကတော့ မကြာခင် ပြီးစီးတော့မှပါ။
မိုးများတဲ့အချိန်မှာ ဆောက်လုပ်ရတာကြောင့် အခက်အခဲတွေ ရှိပါတယ်။
ကြမ်းခင်းကိုတော့ ခိုင်ခိုင်မာမာဖြစ်အောင် သစ်သားပဲ ခင်းလိုက်ပါတယ်။
ဆောက်လက်စ အဆောင်သစ်နဲ့ ယခင်ကျောင်းဆောင်ဟောင်းတို့ကိုလည်း ကြည့်ရှူ နိုင်ပါတယ်။
အဲဒီနေ့က လှူ ခဲ့တဲ့ ဆန်အိတ်နဲ့ ဆီပုံးတွေပါ။
ကျောင်းရှိကလေးတွေ လောလောဆယ်မှာတော့ ကျောင်းအဟာင်းပေါ်မှာပဲ စာသင် စာကျက် လုပ်နေရပါတယ်။ မြင်နေရတာက ကျောင်းသားအကုန်မဟုတ်သေးပါဘူး။ စုစုပေါင်း အယောက် ၈၀ ကျော် ရှိပါတယ်။
မိုးတွင်းမှာ ကျောင်းဝင်းအတွင်း သွားရေးလာရေး အဆင်ပြေဆုံး နည်းလမ်းကတော့ သဲအိတ်ခင်းတဲ့ နည်းပါပဲ။

Wednesday, June 24, 2015

မဟာနွယ် ပရဟိကျောင်းရှိ ကလေးများ အသုံးပြုမည့် စာသင်ဆောင်နှင့် အိပ်ဆောင် ဆောက်လုပ်မှု လက်ရှိအခြေအနေ ဓာတ်ပုံများ

မဟာနွယ် ပရဟိတကျောင်းအတွက် စုပေါင်း ပါဝင်လှူ ဒါန်းခဲ့ကြသော အလှူ ရှင်များအားလုံး မုဒိတာပွားနိုင်ရန် ဆောက်လုပ်ဆဲဖြစ်သော ကလေးများ၏ စာသင်ဆောင်နှင့် အိပ်ဆောင်သစ် လက်ရှိ အခြေအနေများကို ဆက်လက် တင်ပြအပ်ပါသည်။  မိမိလှူ ဒါန်းခဲ့သည့် အဆောက်အအုံသစ် တိုးတက်ပြောင်းလဲလာမှုကို ကြည့်ရှုကာ စိတ်ချမ်းမြေ့မှု ရရှိကြမည်ဟုလည်း ယုံကြည်ပါသည်။ ကျွန်တော်၏ blog တွင် ၀င်ရောက်ကြည့်ရှုပြီး လူ့အသိုင်းအ၀ိုင်းတွင် အကူအညီ လိုအပ်နေသူများကို ကူညီလိုစိတ် ဖြစ်ပေါ်ခဲ့သည်ဆိုလျှင်ပင် ကျေနပ်မိပါသည်။  

ဇွန်လ ၂၁ ရက်နေ့ ဆောက်လုပ်မှု အခြေအနေ
ဇွန်လ ၂၁ ရက်နေ့ ဆောက်လုပ်မှု အခြေအနေ
ဇွန်လ ၂၄ ရက်နေ့ ဆောက်လုပ် ပြီးစီးမှု အခြေအနေ
ဇွန်လ ၂၄ ရက်နေ့ ဆောက်လုပ် ပြီးစီးမှု အခြေအနေ
ဇွန်လ ၂၄ ရက်နေ့ ဆောက်လုပ် ပြီးစီးမှု အခြေအနေ
ဓာတ်ပုံများ ပံ့ပိုးပေးသော မဟာနွယ် ပရဟိတကျောင်းမှ တာဝန်ခံဆရာ ၀ဏနှင့် အဆိုပါကျောင်းနှင့် ပတ်သက်၍ တတ်စွမ်းသမျှ အကူအညီပေးလျက်ရှိသော ရာဇာကျော်တို့ကို အထူးကျေးဇူးတင်ပါသည်။

Thursday, June 18, 2015

မဟာနွယ် ပရဟိတကျောင်းတွင် ကလေးများအတွက် စာသင်ဆောင်နှင့် အိပ်ဆောင် ဆောက်လုပ်နေမှု အခြေအနေ

ပြီးခဲ့သည့် တနင်္ဂနွေနေ့က သွားရောက်လှူဒါန်းခဲ့သည့် အလှူတွင် ပါဝင်ကြသောအလှူရှင်များ သိသာစေရန် ဆောက်လုပ်ဆဲဖြစ်သည့် အဆောင်သစ်၏ အခြေအနေကို ဖော်ပြအပ်ပါသည်။ ယခုပုံများ မှာ ကျောင်းရှိ တာဝန်ခံဆရာက viber မှ ပေးပို့ခြင်း ဖြစ်ပါသည်။ ယခုပုံများမှာ ဇွန်လ ၁၇ ရက်နေ့ က ပေးပို့ခြင်းဖြစ်ပြီး လက်ရှိအခြေအနေကိုလည်း ထပ်မံ တင်ပြပေးသွားမည် ဖြစ်ပါသည်။

အဆောင်သစ်မှာ အလျား ပေ ၃၀၊ အနံ ၁၅ ပေခန့် ကျယ်ဝန်းမည်ဖြစ်ပြီး သွပ်မိုး၊ ၀ါးထရံကာနှင့် ၀ါးကြမ်းခင်းများဖြင့် တည်ဆောက်သွားမည် ဖြစ်ပါသည်။


Tuesday, June 16, 2015

၂၀၁၅ ခုနှစ်၊ ဇွန်လ ၁၄ ရက်နေ့ မဟာနွယ် ပရဟိတကျောင်းသို့ လှူဒါန်းသော အလှူရှင်များစာရင်းနှင့် မှတ်တမ်းဓာတ်ပုံများ


၂၀၁၅ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့က လေပြင်းဒဏ်ကြောင့် ကျောင်းတွင် ပညာသင်ကြားနေသော ကလေးများ၏ စာသင်ဆောင်နှင့် အိပ်ဆောင်မှာ ပျက်စီးခဲ့ခြင်းကြောင့် အဆိုပါအဆောင်ကို ပြန်လည် တည်ဆောက်နိုင်ရန် ဇွန်လ ၁၀ ရက်မှ ၁၃ ရက်နေ့အထိ အလှူငွေကောက်ခံခဲ့ပါသည်။

အလှူငွေ ကောက်ခံခဲ့သည့် လေးရက်တာကာလအတွင်း စုစုပေါင်း ကျပ် ၁၈၅၀၀၀၀ (ကျပ်ငွေ တစ်ဆယ့် ရှစ်သိန်းနှင့် ငါးသောင်းတိတိ) ကို လက်ခံရရှိခဲ့ပါသည်။ သွားရောက်လှူ ဒါန်းသည့် ၂၀၁၅ ခုနှစ်၊ ဇွန်လ ၁၄ ရက်နေ့ကလည်း ကျွန်တော်နှင့်တကွ လိုက်ပါကြသူအားလုံးသည် အဆိုပါငွေကြေးပမာဏအထိ ရရှိခြင်းကြောင့် လွန်စွာ ၀မ်းမြောက် ၀မ်းသာဖြစ်ရပါသည်။

ထိုနေ့က လှုဒါန်းခဲ့သည့် ငွေကိုလည်း ကျောင်းဆောင်သစ် ပြန်လည်ဆောက်လုပ်ရာတွင် အသုံးပြုရန်နှင့် ကျန်ရှိငွေကို ပရဟိတလုပ်ငန်းနှင့်ပတ်သက်သည့် ကိစ္စအ၀၀တွင် သင့်တော်သလို ခွဲဝေသုံးစွဲရန် ကျောင်းထိုင်းဆရာတော်ထံ လျှောက်ထားခဲ့ပါသည်။ ယခုကဲ့သို့ အောင်မြင်ပြီးမြောက်စွာ လှူဒါန်းနိုင်ရန် ၀ိုင်းဝန်း ကူညီ ပံ့ပိုးကြသော အလှူရှင်များအားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါသည်။

ကျွန်တော်တစ်ဦးတည်း၏ အင်အားဖြင့် ယခုကဲ့သို့ လှူ ဒါန်းနိုင်မည် မဟုတ်ဘဲ ၀ိုင်းဝန်းကူညီမှုကြောင့်သာ ထိရောက်စွာ လှူ ဒါန်းနိုင်ခဲ့ခြင်း ဖြစ်ပါသည်။ ထိုနေ့က ဆရာတော်က ပြန်လည်ပေးအပ်သော မှတ်တမ်းတင် ဂုဏ်ပြုလွှာတွင် ကျွန်တော်၏နာမည်နှင့် အလှူ ရှင်များဟု ရေးသားထားရခြင်းကိုလည်း နားလည်ပေးကြပါ ရန် မေတ္တာရပ်ခံအပ်ပါသည်။

နောက်နောင်တွင်လည်း ယခု မဟာနွယ် ပရဟိတကျောင်းသာမက လူမှုပတ်ဝန်းကျင်တွင် ပရဟိတလုပ်ငန်းများကို ကိုယ်ကျိုးမဖက်ဘဲ စေတနာအရင်းခံနှင့် ခက်ခဲ ပင်ပန်း ချို့တဲ့စွာဖြင့် လုပ်ကိုင်လျက်ရှိသည့် အမှန်တကယ် အကူအညီ လိုအပ်နေသော ပရဟိတဦးစီးဦးဆောင်သူ ရဟန်းနှင့် လူပုဂ္ဂိုလ်များအား ရှာဖွေကာ ကူညီသွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

တတ်စွမ်းသမျှ ကူညီနိုင်ခွင့် ရကြစေရန် ယခုဖတ်ရှုနေသည့် blog ဖြစ်သော ကျွန်တော်၏ ကိုယ်ပိုင် blog ဖြစ်သည့် maunghansein.blogspot.com တွင် ပရဟိတလုပ်ကိုင်နေသည့် နေရာသစ်များကို ရှာဖွေ တင်ပြသွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

 မိမိတွင် ပိုလျှံမှ ကူညီခြင်းထက် မိမိလက်ဝယ်ရှိပြီးဖြစ်သည့် ပိုင်ဆိုင်မှုမှ ခွဲဝေ လှူဒါန်းခြင်းဖြင့် ခံစားရနိုင်သည့် သောမနဿ     ကို ယခုဘ၀တွင် လက်တွေ့ ရရှိခံစားနိုင်ဖို့အရေး ကြိုးစားအားထုတ်နိုင်သည့် စိတ်ဓာတ် မွေးမြူ နိုင်ကြစေရန် ရိုးသားစွာ တိုက်တွန်းအပ်ပါသည်။

၂၀၁၅ ခုနှစ်၊ ဇွန်လ ၁၄ ရက်နေ့က မဟာနွယ် ပရဟိတကျောင်းသို့ သွားရောက်လှူဒါန်းရာတွင် ပါဝင်ခဲ့ကြသော အလှူ ရှင်များ၏ စာရင်းကို ဖော်ပြအပ်ပါသည်။
  
သုသုသက်ဆုနှင်းနှင့် သူငယ်ချင်းများ အဖွဲ့
၁) ဆုနန္ဒာဝင်းနှင့် အောင်ဖုန်းဦး - ကျပ် ၃၀၀၀၀
၂) ကြည်လှိုင်ဝင်းနှင့် နုထက်ဝေ - ကျပ် ၃၀၀၀၀
၃) သုသုသက်ဆုနှင်း - ကျပ် ၂၀၀၀၀
၎) မေပြည့်ဖြိုးသော် - ကျပ် ၂၀၀၀၀
၅) လှမိုးထွေးနှင့် မိသားစု - ကျပ် ၂၀၀၀၀
၆) ချစ်ချစ်ဇော်နှင့် ကိုသော်ဇင်ထွန်း - ကျပ် ၁၄၀၀၀
၇) လဲ့ရည်ဝင်းနှင့် ထက်အောင်လှိုင် - ကျပ် ၁၀၀၀၀
၈) အေးဇင်မာအောင်နှင့် ကိုလတ် - ကျပ် ၁၀၀၀၀
၉) မြယွန်းပုံ - ကျပ် ၁၀၀၀၀
၁၀) အေးပြည်ပြည့်အောင် - ကျပ် ၁၀၀၀၀
၁၁) သက်မိုးဆွှေနှင့် ခိုင်ဇင်နွယ် - ကျပ် ၅၀၀၀
၁၂) ထက်ဇာနည်အောင် - ကျပ် ၅၀၀၀
၁၃) မိုးချယ်ရီကျော် - ကျပ် ၅၀၀၀
၁၄) ချမ်းငြိမ်းကြည် - ကျပ် ၅၀၀၀
၁၅) Kamal - ကျပ် ၅၀၀၀
၁၆) ကေသရီဇော် - ကျပ် ၅၀၀၀
၁၇) ဆုလတ်မင်း - ကျပ် ၅၀၀၀
၁၈) လင်းလက်ဝေ - ကျပ် ၅၀၀၀
၁၉) ၀တ်မှုံဦး - ကျပ် ၅၀၀၀
၂၀) ဆုမြတ်အေး - ကျပ် ၅၀၀၀
၂၁) သက်ဆုဖြိုး - ကျပ် ၅၀၀၀
၂၂) အိမ့်မျက်ခြယ် - ကျပ် ၃၀၀၀  
စုစုပေါင်း - ကျပ် ၂၃၂၀၀၀  

ခင်ခင်ဌေးနှင့် အလှူ ရှင်များ အဖွဲ့
၁) ကိုမောင်ဦးနှင့် ဇနီး - ကျပ် ၅၀၀၀၀
၂) ဦးကျလောနှင့် ဒေါ်မိမိသော် - ကျပ် ၃၃၀၀၀
၃) ဦးကျော်ဝေနှင့် ဒေါ်တင်တင်အေး - ကျပ် ၂၀၀၀၀
၎) ဦးရန်ကြီးခွန် - ကျပ် ၂၀၀၀၀
၅) မမိုးမိုးမြင့် - ကျပ် ၂၀၀၀၀
၆) ဦးနိုင် - ကျပ် ၁၀၀၀၀
၇) ငွေမြင့်မိုရ် ဦးထုပ်ရောင်းဝယ်ရေး - ကျပ် ၁၀၀၀၀
၈) မမာလာ(ချမ်းမြေ့သူအလှကုန်) - ကျပ် ၅၀၀၀
၉) ရဲလင်းဝေ - ကျပ် ၃၀၀၀
၁၀) မနွဲ့ရီဝင်း - ကျပ် ၃၀၀၀
၁၁) ဦးမောင်မောင်စံနှင့် မအိအိရှိန် - ကျပ် ၃၀၀၀
၁၂) မေသူ - ကျပ် ၂၀၀၀
၁၃) လဲ့လဲ့ဦး - ကျပ် ၁၀၀၀
၁၄) ခင်ခင်ဌေး - ကျပ် ၁၀၀၀၀  
စုစုပေါင်း - ကျပ် ၁၉၀၀၀၀  

 ပပသီရိနှင့် အလှူ ရှင်များ အဖွဲ့
၁) မချောစုသီရိ - ကျပ် ၃၀၀၀၀၀
၂) ဦးတေဇရာဇာလင်းနှင့် မူးစိ(စင်ကာပူ) - ကျပ် ၁၀၀၀၀၀
၃) သင်္ကြန်မိုးအဖွဲ့ (စင်ကာပူ) - ကျပ် ၁၇၀၀၀၀
၎) မသဉ္ဇာသိန်း (စင်ကာပူ) - ကျပ် ၃၀၀၀၀
၅) မသွယ်သွယ်စိုးနိုင် - ကျပ် ၂၀၀၀၀
၆) ကိုအေးမင်းဦး+မသိဂီ င်္ - ကျပ် ၁၀၀၀၀
၇) ကိုမြတ်ကိုအောင် - ကျပ် ၁၀၀၀၀
၈) ကိုလင်းဇော်ဝင်း - ကျပ် ၁၀၀၀၀
၉) မသီသီလတ် - ကျပ် ၁၀၀၀၀
၁၀) နိုင်နိုင်အေး (စင်ကာပူ) - ကျပ် ၁၀၀၀၀
၁၁) အောင်ကိုဝင်းနှင့် အိအိမွန် - ကျပ် ၁၀၀၀၀
၁၂) ဝသုန်မိုးချစ် (သို့) တင်မိုးချစ် - ကျပ် ၁၀၀၀၀
၁၃) ခင်ငြိမ်းအိစံနှင့် သူငယ်ချင်း - ကျပ် ၄၀၀၀၀
၁၄) မအေးအိအိအောင် - ကျပ် ၃၀၀၀၀
၁၅) Chucky Foundation - ကျပ် ၂၂၀၀၀၀ (မမှုးသက်သီရိငယ်)
၁၆) ရာဇာကျော် - ကျပ် ၁၀၀၀၀
၁၇) မြနန္ဒာအောင် - ကျပ် ၁၀၀၀၀
၁၈) မသန္တာ - ကျပ် ၁၅၀၀၀
၁၉) တာတီး - ကျပ် ၅၀၀၀
၂၀) ကိုနိုင်လင်းနှင့် မစောသီရိစန္ဒာမွန် - ကျပ် ၁၀၀၀၀
၂၁) အခြား အလှူရှင်များ - ကျပ် ၂၀၀၀၀
  စုစုပေါင်း - ကျပ် ၁၀၅၀၀၀၀  

တင်မိုးအောင်နှင့် အလှူ ရှင်များ အဖွဲ့
၁) စုဖြိုးဝင်း - ကျပ် ၅၀၀၀
၂) ဆန်းဦး - ကျပ် ၁၀၀၀၀
၃) အေးသီတာကျော် - ကျပ် ၃၀၀၀
၎) အိချောစံနှင့် ဒယ်လ်ဝင်ကို(စင်ကာပူ) - ကျပ် ၈၅၀၀၀
၅) ထားထားအောင်နှင့် မိသားစု - ကျပ် ၂၀၀၀၀၀
၆) ခိုင်စုယဉ် - ကျပ် ၁၀၀၀၀
၇) ခင်စိုးဝင်း - ကျပ် ၁၀၀၀၀
၈) ရင်ရင်ဟန် - ကျပ် ၁၀၀၀၀
၉) အောင်ဇော်မင်းနှင့် စုစုဝင်း - ကျပ် ၅၀၀၀
၁၀) ပပသီရိ - ကျပ် ၁၀၀၀၀
၁၁) တင်မိုးအောင်နှင့် အိအိ - ကျပ် ၃၀၀၀၀  
စုစုပေါင်း - ကျပ် ၃၇၈၀၀၀

ထို့ကြောင့် အလှူ ရှင်များအားလုံး၏ စုစုပေါင်းအလှူ ငွေမှာ ကျပ် ၁၈၅၀၀၀၀ ဖြစ်ပါသည်။

အ၀တ်အစားလှူ ဒါန်းခဲ့ကြသော အလှူ ရှင်များမှာ
၁) ကိုကျော်ဇေယျာလင်းနှင့် မိသားစု - ခန့်မှန်းတန်ဖိုး ကျပ် ၂၀၀၀၀
၂) သက်သီရိနှင့် လင်းလင်း           - ခန့်မှန်းတန်ဖိုး ကျပ် ၁၅၀၀၀
တို့ အသီးသီး ဖြစ်ကြပါသည်။

အလှူ ရှင်များအတွက် အထောက်အပံ့ဖြစ်နိုင်မယ့် မှတ်တမ်းတင်ဓာတ်ပုံများကို တတ်စွမ်း သလောက် ဖော်ပြလိုက်ပါသည်။ စာသင်ဆာင်နှင့် အိပ်ဆောင်အဖြစ် အသုံးပြုမည့် ဆေက်လုပ်ဆဲ အဆောင်သစ်နှင့် ပတ်သက်၍လည်း ဆက်လက် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

နေရာသစ်သို့ ပြောင်းရွှေ့ထားသော ကြာနီကန်ကျူချောင်းလမ်းပေါ်ရှိ မဟာနွယ် ပရဟိတကျောင်း
ကျောင်းသစ်ပြန်လည်ဆောက်လုပ်မည့် နေရာ
ကောက်ခံရရှိသည့် အလှူ ငွေများကို ကျောင်းထိုင်ဆရာတော် ဦးသီရိကဉ္စနထံ လှူ ဒါန်းခဲ့သည်
ဇွန်လ ၁၅ ရက်နေ့က ကျောင်းရှိ တာဝန်ခံဆရာ viber မှ ပေးပို့သော အဆောင်သစ် ဆောက်လုပ်မှုလုပ်ငန်း စတင်မှု
 လှူ ဒါန်းသည့်နေ့က ကျောင်းရှိ ကလေးများ နေ့လယ်စာစားရန် နေရာယူစဉ်
မူလတန်း၊ အလယ်တန်းနှင့် အထက်တန်း အရွယ်အထိ ကျောင်းသူ ကျောင်းသား ၈၀ ခန့် ကျောင်းတွင် ရှိပါသည်
နေ့စဉ် အစားအသောက်အတွက် ပုံမှန် ကုန်ကျစရိတ်လည်း ရှိပါသည်
မစားသောက်မီ တတ်စွမ်းသလောက်တော့ သန့်စင် ဆေးကြောရပါတယ်
ငါးပိရည်ကတော့ ကျောင်းရှိကလေးများအတွက် မြိန်ရာ ဟင်းကောင်းတစ်ခွက်ပါ
အဆင်သင့်ဖြစ်ရင်တော့ အားရပါးရ စားကြတယ်
ဒီကလေးတွေအတွက် ဟင်း ကောင်း မကောင်း ရွေးချယ်ခွင့် မရှိပါဘူး

Monday, June 15, 2015

၂၀၁၅ ခုနှစ်၊ ဇွန်လ ၁၄ ရက်နေ့၊ တနင်္ဂနွေနေ့က မဟာနွယ် ပရဟိတကျောင်း စုစုပေါင်း အလှူငွေ ၁၈၅၀၀၀၀ (ကျပ် တစ်ဆယ့်ရှစ်သိန်း ငါးသောင်းတိတိ) လှူဒါန်းခဲ့ကြောင်း အလှူရှင်များအားလုံးကို အသိပေး အကြောင်းကြားအပ်ပါသည်။

၂၀၁၅ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့က မဟာနွယ်နွယ်ပရဟိကျောင်းတွင် ကလေးများအတွက် အသုံးပြုနေသော စာသင်ဆောင်နှင့် အိပ်ဆောင် လေကြမ်းတိုက်ခတ်ခြင်းကြောင့် ပျက်စီးသွားခဲ့ပါသည်။ ထို့ကြောင့် ဇွန် ၁၀ ရက်နေ့မှ စတင်၍ လက်လှမ်းမီရာအလှူရှင်များထံ ဆက်သွယ်၍ အလှူငွေကောက်ခံခဲ့ရာ စုစုပေါင်း ၁၈၅၀၀၀၀ (ကျပ် တစ်ဆယ့်ရှစ်သိန်း ငါးသောင်းတိတိ) ကောက်ခံရရှိခဲ့ပြီး ယင်းအလှူငွေအားလုံးနှင့် အခြားအလှူရှင်များလှူဒါန်းသည့် အ၀တ်အစားများကို ယမန်နေ့ ၂၀၁၅ ခုနှစ်၊ ဇွန်လ ၁၄ ရက်နေ့က ကျောင်းထိုင်ဆရာတော် ဦးသီရိကဉ္စနထံ လှူဒါန်းပေးခဲ့ကြောင်း အလှူရှင်များအားလုံးကို လေးစားစွာဖြင့် အသိပေး အကြောင်းကြားအပ်ပါသည်။ ယခုကဲ့သို့ စုပေါင်း ကူညီပေးခဲ့ကြသည်ကိုလည်း လွန်စွာကျေးဇူးတင်ပါသည်။ ယနေ့ မအားလပ်ခြင်းကြောင့် အလှူရှင်စာရင်း အသေးစိတ်ကို မတင်ပြနိုင်သေးပဲ ယခုကဲ့သို့ အကျဉ်းချုပ်သာ ကြေညာပေးခြင်းဖြစ်ပါသည်။ မနက်ဖြန်တွင် အလှူရှင်စာရင်း အတိအကျနှင့်တကွ မှတ်တမ်းတင်ဓာတ်ပုံများကိုပါ ပူးတွဲတင်ပြပေးသွားမည် ဖြစ်ပါသည်။

Friday, June 12, 2015

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရှိ မဟာနွယ် ပရဟိတကျောင်းနှင့် ပတ်သက်သော အချက်အလက်များ

လာမည့်တနင်္ဂနွေနေ့ ဇွန်လ ၁၄ ရက်နေ့တွင် ကျွန်တော်နှင့် သူငယ်ချင်း မိတ်ဆွှေ အပေါင်းအသင်း တပည့်များ သွားရောက်လှူဒါန်းမည့် မဟာနွယ် ပရဟိတကျောင်းနှင့် ပတ်သက်၍ အသေးစိတ် ပိုမိုသိလိုကြသော ပရဟိတအလှူရှင်များအတွက် အထောက်အပံ့ဖြစ်စေမည့် အချက်အလက်များကို ဖော်ပြပေးလိုက်ပါသည်။ မဟာနွယ်ကျောင်းကို ယခင်ကရောက်ဖူးသူအချို့တွင် အဆိုပါကျောင်း နေရာအသစ်သို့ ပြောင်းရွှေ့ထားသည်ကို မသိရှိသူများလည်း ရှိနိုင်ခြင်းကြောင့် ယခုကဲ့သို့ အသိပေးရခြင်း ဖြစ်ပါသည်။ ယခင်ကျောင်းနေရာဟောင်းမှာ မိုးတွင်းကာလတွင် သွားလာရေး ခက်ခဲခြင်းကြောင့် အလှူရှင်များ အဆင်ပြေစေရန်နှင့် ကျောင်းတွင်လာရောက် ပညာသင်ကြားနေ ကြသော ကျောင်းသား/သူ ကလေးငယ်များ အန္တရာယ်ကင်းရှင်းရေးအတွက် ရည်ရွယ်ကာ ကျောင်းထိုင်ဆရာတော်က ပြောင်းရွှေ့ခဲ့ခြင်း ဖြစ်ပါသည်။ ယခင်နေရာဟောင်းတွင်လည်း သံဃာတော်နှင့် သာမဏေများ ဆက်လက် သီတင်းသုံးလျက်ရှိပါသည်။ 
မဟာနွယ်ပရဟိတကျောင်း လိပ်စာ လမ်းညွှန်မှာ- 
ကြာနီကန် ကျူချောင်းလမ်းပေါ်တွင် တည်ရှိပါသည်။ ထိုလမ်းသို့သွားရန် လမ်းညွှန်မှာ၊ သင်္ဃန်းကျွန်း စံပြဈေးကိုဖြတ်၍ လေးထောင့်ကန်လမ်းအတိုင်း တည့်တည့်သွားပါ။ လေးထောင့်ကန်လမ်းမှာ အမှတ်(၂)လမ်းမကြီး (ပဲခူးသွားသည့်လမ်းဟု လူသိများ)သို့ တော်လျှောက် ဆက်သွယ်သွားပါသည်။ ရန်ကုန်စီးပွားရေးတက္ကသိုလ်နှင့် စိတ်ကျန်းမာရေးဆေးရုံတို့ကို ကျော်ဖြတ်အပြီးတွင် မြို့ဝင်ကြေးကောက်ခံသော ဂိတ်မှ ကျော်လွန်၍ မှတ်တိုင် သုံးတိုင်အရောက်တွင် စိုက်ကွေ့မှတ်တိုင်ရှိပါသည်။ ထိုမှတ်တိုင်ကို အနီးရှိ တံတားကို အနည်းငယ်ကျော်လိုက်သည်နှင့် ဘယ်ဘက်တွင်တွေ့ရသော ကွန်ကရစ်လမ်းမှာ ကြာနီကန် ကျူချောင်းလမ်းဖြစ်ပါသည်။  ထိုလမ်းအတိုင်း တည့်တည့်ဝင်ရောက်သွားပါက မဟာနွယ်ပရဟိတကျောင်းသို့ ရောက်ရှိမည်ဖြစ်ပါသည်။

ပရဟိတကျောင်းနှင့်ပတ်သက်၍ သိသင့်သည့် အချက်များမှာ-

၁) လက်ရှိတွင် ကျောင်းသားဦးရေ ၈၀ ရှိပါသည်။ ထိုအထဲတွင် ညအိပ်နေထိုင်သည့် ၂၅ ဦး ပါဝင်ပြီး အများစုမှာ နယ်မြို့မှကလေးများဖြစ်ကာ မိဘမဲ့ကလေး ၅ ဦးခန့်နှင့် ကျန်ကလေးများမှာ မိစုံဖစုံမရှိသည့် ကလေးများဖြစ်ပါသည်။ ကျန်ရှိကလေးများမှာ အနီးနားပတ်ဝန်းကျင်ရှိ ဆင်းရဲနွမ်းပါးသည့်မိသားစုများမှ ကလေးများဖြစ်သည်။ ကျောင်းအိပ်ကျောင်းစားနေထိုင်သည့် ကလေးများကို နေ့စဉ် ကျွေးမွေးလျက်ရှိပြီး ကျောင်းသားအားလုံးကို စနေနှင့် တနင်္ဂနွေ နှစ်ရက်အတွက် တစ်နေ့လုံးစာ ကျွေးမွေးပါသည်။ တရားဝင် စာသင်ကျောင်းမဟုတ်သေးပဲ အနီးပတ်ဝန်းကျင်မှ အစိုးရကျောင်းတွင် တက်ရောက်နေသည့် ကလေးများအနက် ကျုရှင်စရိတ် မတတ်နိုင်သော ကလေးများကို ကျောင်းတွင် ကိုယ်ပိုင်ဆရာ ဆရာမတို့ဖြင့် ပြန်လည်သင်ကြားပေးလျက်ရှိပါသည်။ ကျုရှင်စရိတ်မတတ်နိုင်သော ၉ တန်းနှင့် ၁၀ တန်းကျောင်းသားအချို့ကိုလည်း စရိတ်ထောက်ပံ့ပေးလျက်ရှိသည်။  
၂) အဓိက အခက်အခဲမှာ နေ့စဉ်ဟင်းစား ဆန်၊ ဆီ၊ ဆား ငရုပ်၊ ကြက်သွန်၊ အသား၊ ငါး သို့မဟုတ် ဟင်းသီးဟင်းရွက် ၀ယ်ခြမ်းရေးနှင့် ချက်ပြုတ်ရေးအတွက် ကုန်ကျစရိတ်ဖြစ်ပါသည်။ လက်ရှိတွင် အခါအခွင့်သင့်၍ လာရောက်လှူဒါန်းသော အလှူရှင်များ၏ ပံ့ပိုးမှုဖြင့်သာ သုံးစွဲ ရပ်တည်နေရပါသည်။   
၃) ကျောင်းသုံးစာအုပ်နှင့် စာရေးကိရိယာများမှာ အလှူရှင်များ လာရောက်လှူဒါန်းထားမှုကြောင့် လက်ရှိ တွင် လိုအပ်သည့် အနေအထားတွင် မရှိသေးပါ။ လှူလိုကလည်း လှူဒါန်းနိုင်ပါသည်။ 
၃) အခြား အဓိကကျသော အခက်အခဲမှာ ကျောင်းသားများအတွက် စာသင် စာကျက်ရန် အဆောက်အအုံ အလုံအလောက်မရှိခြင်း ဖြစ်သည်။ လက်ရှိတွင် ပျဉ်ထောင် ပျဉ်ခင်း သွပ်မိုး အဆောက်အအုံ တစ်လုံးရှိပြီး ဆရာတော်၏ ဆွမ်းစားဆောင်နှင့် ကလေးများ စာသင် စာကျက်ဆောင် အဖြစ်အသုံးပြု နေရပါသည်။ တိုးချဲ့ဆောက်လုပ်ထားသည့် ကလေးများအတွက် ယာယီ စာသင် စာကျက်ဆောင်မှာ ယမန်နေ့ ၂၀၁၅ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့က လေပြင်းတိုက်ခတ်မှုကြောင့် အမိုးများပျက်စီးကာ အသုံးပြုရန် မဖြစ်နိုင်တော့ပါ။ အဆိုပါကိစ္စနှင့်ပတ်သက်၍ ယခု blog တွင် တင်ထားပြီးဖြစ်သော ဓာတ်ပုံများကို ကြည့်ရှုနိုင်ပါသည်။ ထို ယာယီအဆောင်မှာ ညဘက်တွင်လည်း ကလေးများအိပ်ဆောင်အဖြစ် အသုံးပြုလျက်ရှိရာ ကျရောက်လာပြီဖြစ်သည့် မိုးရာသီတွင် အသုံးပြုရန် ကြံ့ခိုင်မှုမရှိနိုင်သည့်အတွက် ၀ါးတိုင်များအစား သစ်သားတိုင်များဖြင့် ပြန်လည်ဆောက်လုပ်နိုင်ရန် လာမည့် ဇွန်လ ၁၄ ရက်နေ့တွင် သွားရောက် လှုဒါန်းမည် ဖြစ်ပါသည်။ လက်ရှိ ကျောင်းတွင် ရေလောင်းအိမ်သာ ၃ လုံးကို အလှူရှင်အဖွဲ့တစ်ဖွဲ့က ဆောက်လုပ် လှူဒါန်းပြီး ဖြစ်ပါသည်။
၎) လျှပ်စစ်မီး အခက်အခဲရှိပါသည်။ ပြီးခဲ့သည့်နှစ် စက်တင်ဘာလအတွင်းက ကျွန်တော်နှင့် တပည့်များ လှုဒါန်းခဲ့သော ဆိုလာပြား (Solar Panel) အသုံးပြုသည့် လျှပ်စစ်မီးအားမှာ ညပိုင်းကလေးများ စာကျက်ရာတွင် အဆင်ပြေသော်လည်း နံနက်ပိုင်း  စာကျက်ရန်နှင့် အခြား ဝေယျာဝစ္စ အလုပ်များအတွက် လုံလောက်သည့် ဓာတ်အားမရှိတော့ကြောင်း ကျောင်းမှ တာဝန်ခံ ဆရာက သတင်းပို့ပါသည်။ ထိုကိစ္စကို ဖြေရှင်းရန် မီးစက်မောင်းပါက နေ့စဉ် ဒီဇယ်ကုန်ကျစရိတ် ရှိပါသည်။
၅) ယခုကိစ္စမှာ သိသင့် သိထိုက်သည်ဟု ယူဆ၍ အသိပေးခြင်းသာ ဖြစ်ပါသည်။ အကြောင်းမှာ ပြီးခဲ့သည့် စက်တင်ဘာလအတွင်း ကျွန်တော်နှင့်အဖွဲ့ သွားရောက် လှုဒါန်းစဉ်က နေရာမှာ ယခုနေရာမဟုတ်ပါ။ အဆိုပါ နေရာဟောင်းမှာ ကွန်ကကရစ်လမ်းမှ ၁၅ မိနစ်ခန့် မြေလမ်း ကို လျှောက်သွားရပါသည်။ မိုးတွင်းရောက်ပါက ရွံ့လမ်းဖြစ်သွားပြီး သွားလာရန် အလွန်ခက်ခဲပါ သည်။ မနှစ်က ကျွန်တော်တို့သွားရောက်လှုဒါန်းရာတွင် ခက်ခက်ခဲခဲ လမ်းလျှောက်ခဲ့ရပါသည်။ ထို့ကြောင်း လှုသည့်ပစ္စည်းများကို ကုန်းလမ်းဖြင့် သယ်ယူရန် မဖြစ်နိုင်သောကြာင့် စက်လှေဖြင့်တင် ကာ လယ်ကွင်းများကို ဖြတ်မောင်းပြီး ကျောင်းသို့ ပို့ဆောင်ခဲ့ရပါသည်။ မိုးများသည့်အချိန်ရောက် လာပါက ရေတက်လာခြင်းကြောင့် ကျောင်းသို့လာမည့်ကလေးများကို စက်လှေဖြင့် အကြိုအပို့ လုပ်ပေးရပါသည်။ ရေရှည်တွင် သွားလာရေး ခက်ခဲကာ အန္တရာယ်ရှိသည့်အပြင် ကလေးများ အဆင် ပြေရန်နှင့် လာရောက်လှုဒါန်းသည့် အလှုရှင်များ အဆင်ပြေစေရန် ရည်ရွယ်ချက်ဖြင့် ဆရာတော်က ဘဏ်တွင် စုဆောင်းထားသော လှုဒါန်းငွေများဖြင့် စရံငွေပေးချေကာ ကွန်ကရစ်လမ်းဘေးတွင် တစ်ဧကကျယ်ဝန်းသော မြေကွက်တစ်ကွက်ကို ၀ယ်ယူပြီး ပရဟိတကျောင်းကို နေရာပြောင်းရွှေ့ကာ ဆက်လက်လုပ်ကိုင်ခဲ့ပါသည်။ ယခင်ကျောင်းအဟောင်းတွင် သံဃာတော်များ ဆက်လက်နေထိုင်ဆဲ ဖြစ်ပါသည်။ လက်ရှိတွင် အဆိုပါမြေကွက်ကို ၀ယ်ယူထားသည့်အတွက် ငွေအကြေပေးချေရန် ကျပ် သိန်း ၆၀ ကျန်ရှိနေသေးကြောင်း တာဝန်ခံဆရာက ပြောပါသည်။  ထိုငွေကိုလည်း ယခုနှစ် ဒီဇင်ဘာလကုန်ခန့်တွင် ပေးချေရန် ဆရာတော်က အာမခံထားပြီး ဖြစ်ပါသည်။ အဆိုပါမြေကွက်ကို တရားဝင်ပိုင်ဆိုင်မှု ရယူနိုင်ရန် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ဆရာတော်က ဆက်သွယ်ဆောင် ရွက်ဆဲ ဖြစ်ပါသည်။ ထို့အပြင် ထိုမြေကွက်ကို သာသာနိကမြေအဖြစ် တရားဝင် အသိအမှတ်ပြုနိုင် အောင်လည်း မြို့နယ် သံဃနာယကအဖွဲ့နှင့် ဆက်သွယ်ဆောင်ရွက်ရန် ဆရာတော်ကို အကြံပေး ထားပါသည်။ သို့မှသာ ဘုန်းတော်ကြီးသင် စာသင်ကျောင်းအဖြစ် ပြောင်းလဲလုပ်ဆောင်နိုင်မည် ဖြစ်ပါသည်။ 
ယခုကိစ္စကို မဖြစ်မနေလုပ်ဆောင်ရန်ကိစ္စဟု မစဉ်းစားကြစေလိုပါ။ လိုအပ်သည့် ငွေကြေး ပမာဏမှာလည်း များပြားသည့်အတွက် သေချာစွာ ချင့်ချိန် စဉ်းစားစေလိုပါသည်။ အမှန်တကယ် စေတနာထက်သန်ကာ လိုလို ချင်ချင် လှုဒါန်းလိုပြီး တည်တည်ကြည်ကြည်ရှိသည့် လူပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့ဟု ယူဆပါက သတင်းစကား လက်ဆင့်ကမ်းပေးစေလိုပါသည်။ ဆရာတော်သည် ပရဟိတလုပ်ငန်းကို ၂၀၁၀ ခုနှစ်နောက်ပိုင်းမှ စတင်လုပ်ကိုင်ခဲ့ခြင်း ဖြစ်ပါသည်။ နောက်ဆုံး အချက်အနေဖြင့် လက်ရှိ ပညာသင်နှစ်အတွက် ကျောင်းတွင်သင်ကြားပေးနိုင်မည့် ဆရာတစ်ဦး အမြန်လိုအပ်နေခြင်း ဖြစ်ပါသည်။ ထို့အတွက် သင့်တော်သူကိုလည်း ၀ိုင်းဝန်းရှာဖွေပေးရမည်ဖြစ်ကာ အဆိုပါပုဂ္ဂိုလ်ကိုလည်း လစဉ်ကြေး ထောက်ပံ့ပေးရမည် ဖြစ်ပါသည်။ အောက်ဖော်ပြပါ ဖုန်းနံပါတ်များသို့ ဆက်သွယ်ကာ ကာယကံရှင်များထံ တိုက်ရိုက် မေးမြန်း စုံစမ်းနိုင်ပါသည်။   
ကျောင်းထိုင် ဆရာတော် ဦးသီရိကဉ္စန
- ဖုန်းနံပါတ် ၀၉၃၁၀၈၆၅၃၉
တာဝန်ခံဆရာ ဦးဝဏ
- ဖုန်းနံပါတ် ၀၉၂၅၂၃၉၈၆၆၂

Wednesday, June 10, 2015

မဟာနွယ် ပရဟိတကျောင်း နေရာသစ်သို့ ၂၀၁၅ခုနှစ် ဇွန်လ ၁၄ ရက်နေ့တွင် ထပ်မံသွားရောက် လှူဒါန်းရန် စီစဉ်နေပါသည်

ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်ရှိ မဟာနွယ် ပရဟိတကျောင်း နေရာသစ်တွင် ယမန်နေ့ (၂၀၁၅ခုနှစ် ဇွန်လ ၉ ရက်)က လေပြင်း တိုက်ခတ်၍ ကလေးများ စာသင်ဆောင်နှင့် အိပ်ဆောင်မှာ ပျက်စီးခဲ့ပါသည်။ ထို့ကြောင့် လိုအပ်သည့် အကူအညီများ ပေးရန်စီစဉ်ကာ အားလုံးသိရှိရန် ပျက်စီးခဲ့သော စာသင်ဆောင်နှင့် အိပ်ဆောင် တို့၏ လက်ရှိ အခြေအနေကို ဖေါ်ပြလိုက်ပါသည်။



                                                                   တင်မိုးအောင်
09261517579
0931664128

Friday, September 19, 2014

မဟာနွယ်ပရဟိတကျောင်းသို့ သွားရောက်လှုဒါန်းခြင်း

၂၀၁၄ ခုနှစ် စက်တင်ဘာလာ ၁၄ ရက် တနင်္ဂနွေနေ့တွင် ပရဟိတ လုပ်ငန်း စိတ်ဝင်စားသူ မိတ်ဆွေ အပေါင်းတို့၏ လှူ ဘွယ်ပစ္စည်းများ ဖြစ်သော အ၀တ်အထည် ၊ စောင် ၊ ခြင်ထောင် ၊ ဖျာ ၊ ဗလာစာအုပ်နှင့် စာရေးကိရယာ ၊ ဆေးဝါးအစုံ ၊ ဆန် ၊  အဓိက လိုအပ်နေသော လျှပ်စစ်မီး အလင်းရောင်အတွက် ဆိုလာပြား ၊ မီးကြိုး ၊ မီးချောင်း နှင့် ဘက်ထရီအိုးတို့ကို သယ်ပိုး ယူဆောင်ကာ ဒဂုံမြို့သစ် (အရှေ့ ပိုင်း)မြို့ နယ် ကြာနီကန် ကျူချောင်းကွင်းရှိ မဟာနွယ်ပရဟိတ ကျောင်းတိုက်သို့ အားကျိုးမာန်တက် သွားရောက် လှုဒါန်းခဲ့ကြပါသည်။ ပရဟိတ လုပ်ငန်းကို လုပ်ဆောင်လာသည်မှာ သုံးနှစ်မျှသာရှိခြင်းကြောင့် အဆိုပါ ကျောင်းတွင် လိုအပ်ချက် များစွာ ရှိနေသေးကြောင်းကိုလည်း မိတ်ဆွေ ၊ အပေါင်းအသင်း ၊ သူငယ်ချင်းနှင့် တပည့်များကို အသိပေးအပ်ပါသည်။


                                                                   တင်မိုးအောင်
09261517579
0931664128