ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ ၂၀၁၅ ခုနှစ်၊ ဇွန်လ ၂၈ ရက်နေ့က မဟာနွယ် ပရဟိတကျောင်းကို ခေတ္တသွားရောက် ခဲ့ပါတယ်။ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ထဲမှာပဲ သီတင်းသုံးတဲ့ ပတ္တမြားရောင်ခြည်ကျောင်းတိုက်က ဆရာတော်က မဟာနွယ် ပရဟိတကျောင်းမှာ နေ့စဉ်အစားအသောက်အတွက် လိုအပ်တဲ့ရိက္ခာတွေကို သွားရောက်လှူ ဒါန်းတဲ့ခရီးမှာ လိုက်ပါခဲ့ရင်း ဒီကျောင်းကို ထပ်မံရောက်ရှိခဲ့တာပါ။
ရောက်လက်စနဲ့ ဆောက်လုပ်ဆဲဖြစ်တဲ့ ကလေးများအတွက် စာသင်ဆောင်နဲ့ အိပ်ဆောင် အသစ် အခြေအနေကိုလည်း မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ခဲ့ပါတယ်။ ဒီပုံတွေကိုလည်း ဖော်ပြပေးလိုက်ပါတယ်။ ကျောင်းဆောင်သစ် ဆောက်လုပ်မှူ အတွက် ပါဝင်လှူ ဒါန်းခဲ့ကြတဲ့ အလှူ ရှင်တွေလည်း မိမိအလှူ ကြောင့် တိုးတက်လာတဲ့ ကျောင်းဆောင်လေးကိုကြည့်ပြီး စိတ်ချမ်းမြေ့ကြမယ်လို ယုံကြည်ပါတယ်။
အဲဒီနေ့က ပတ္တမြားရောင်ခြည်ဆရာတော်က မဟာနွယ် ပရဟိတကျောင်းအတွက် ဆန် ၁၀ အိတ်၊ ဆီ ပိဿာ ၃၀၊ ကျောင်းထိုင်ဆရာတော်အတွက် ၀ါဆိုသင်္ဃန်း၊ အလှူ ရှင် ကိုနိုင်လင်းနဲ့ မစောသီရိစန္ဒာမွန်တို့ က ကလေးများအတွက် ကျောင်းသုံး လေ့ကျင့်ခန်းစာအုပ်များ (ကျပ် ၃၇၀၀၀ ခန့်)နဲ့ အခြားအလှူ ရှင်တစ်ဦး က လှူ ဒါန်းတဲ့ မူလတန်းကလေးများအတွက် အင်္ကျီ (ကျပ် ၂၀၀၀၀ ခန့်) ကို စုပေါင်းလှူ ဒါန်းခဲ့ပါတယ်။
 |
ကျောင်းဆောင်သစ်ကတော့ မကြာခင် ပြီးစီးတော့မှပါ။ |
 |
မိုးများတဲ့အချိန်မှာ ဆောက်လုပ်ရတာကြောင့် အခက်အခဲတွေ ရှိပါတယ်။ |
 |
ကြမ်းခင်းကိုတော့ ခိုင်ခိုင်မာမာဖြစ်အောင် သစ်သားပဲ ခင်းလိုက်ပါတယ်။ |
 |
ဆောက်လက်စ အဆောင်သစ်နဲ့ ယခင်ကျောင်းဆောင်ဟောင်းတို့ကိုလည်း ကြည့်ရှူ နိုင်ပါတယ်။ |
 |
အဲဒီနေ့က လှူ ခဲ့တဲ့ ဆန်အိတ်နဲ့ ဆီပုံးတွေပါ။ |
 |
ကျောင်းရှိကလေးတွေ လောလောဆယ်မှာတော့ ကျောင်းအဟာင်းပေါ်မှာပဲ စာသင် စာကျက် လုပ်နေရပါတယ်။ မြင်နေရတာက ကျောင်းသားအကုန်မဟုတ်သေးပါဘူး။ စုစုပေါင်း အယောက် ၈၀ ကျော် ရှိပါတယ်။ |
 |
မိုးတွင်းမှာ ကျောင်းဝင်းအတွင်း သွားရေးလာရေး အဆင်ပြေဆုံး နည်းလမ်းကတော့ သဲအိတ်ခင်းတဲ့ နည်းပါပဲ။ |
0 comments:
Post a Comment