Friday, September 19, 2014

မဟာနွယ်ပရဟိတကျောင်းသို့ သွားရောက်လှုဒါန်းခြင်း

၂၀၁၄ ခုနှစ် စက်တင်ဘာလာ ၁၄ ရက် တနင်္ဂနွေနေ့တွင် ပရဟိတ လုပ်ငန်း စိတ်ဝင်စားသူ မိတ်ဆွေ အပေါင်းတို့၏ လှူ ဘွယ်ပစ္စည်းများ ဖြစ်သော အ၀တ်အထည် ၊ စောင် ၊ ခြင်ထောင် ၊ ဖျာ ၊ ဗလာစာအုပ်နှင့် စာရေးကိရယာ ၊ ဆေးဝါးအစုံ ၊ ဆန် ၊  အဓိက လိုအပ်နေသော လျှပ်စစ်မီး အလင်းရောင်အတွက် ဆိုလာပြား ၊ မီးကြိုး ၊ မီးချောင်း နှင့် ဘက်ထရီအိုးတို့ကို သယ်ပိုး ယူဆောင်ကာ ဒဂုံမြို့သစ် (အရှေ့ ပိုင်း)မြို့ နယ် ကြာနီကန် ကျူချောင်းကွင်းရှိ မဟာနွယ်ပရဟိတ ကျောင်းတိုက်သို့ အားကျိုးမာန်တက် သွားရောက် လှုဒါန်းခဲ့ကြပါသည်။ ပရဟိတ လုပ်ငန်းကို လုပ်ဆောင်လာသည်မှာ သုံးနှစ်မျှသာရှိခြင်းကြောင့် အဆိုပါ ကျောင်းတွင် လိုအပ်ချက် များစွာ ရှိနေသေးကြောင်းကိုလည်း မိတ်ဆွေ ၊ အပေါင်းအသင်း ၊ သူငယ်ချင်းနှင့် တပည့်များကို အသိပေးအပ်ပါသည်။


                                                                   တင်မိုးအောင်
09261517579
0931664128

2 comments:

  1. မြက်ဖျာတစ်ချပ် ၊ ခြင်ထောင် တစ်လုံး ၊ ကလေးအ၀တ်အစားတွေ လှူလိုက်တယ်ဗျာ ...။ နောက်တစ်ခေါက် ဖျာ ၊ ခြင်ထောင် နဲ့ စောင် လှူဖို့ ပြင်ထားမယ် ....။

    ReplyDelete
    Replies
    1. နီးစပ်ရာ မိတ်ဆွေ အပေါင်းအသင်းများကိုလည်း ဆော်သြပေးပါအုံး။ ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

      Delete