
၂၀၁၅ ခုနှစ်၊ ဇွန်လ ၁၄ ရက်နေ့၊ တနင်္ဂနွေနေ့က မဟာနွယ် ပရဟိတကျောင်း စုစုပေါင်း အလှူငွေ ၁၈၅၀၀၀၀ (ကျပ် တစ်ဆယ့်ရှစ်သိန်း ငါးသောင်းတိတိ) လှူဒါန်းခဲ့ကြောင်း အလှူရှင်များအားလုံးကို အသိပေး အကြောင်းကြားအပ်ပါသည်။
၂၀၁၅ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့က မဟာနွယ်နွယ်ပရဟိကျောင်းတွင် ကလေးများအတွက် အသုံးပြုနေသော စာသင်ဆောင်နှင့် အိပ်ဆောင် လေကြမ်းတိုက်ခတ်ခြင်းကြောင့် ပျက်စီးသွားခဲ့ပါသည်။ ထို့ကြောင့် ဇွန် ၁၀ ရက်နေ့မှ စတင်၍ လက်လှမ်းမီရာအလှူရှင်များထံ ဆက်သွယ်၍ အလှူငွေကောက်ခံခဲ့ရာ စုစုပေါင်း ၁၈၅၀၀၀၀ (ကျပ် တစ်ဆယ့်ရှစ်သိန်း ငါးသောင်းတိတိ) ကောက်ခံရရှိခဲ့ပြီး ယင်းအလှူငွေအားလုံးနှင့် အခြားအလှူရှင်များလှူဒါန်းသည့် အ၀တ်အစားများကို ယမန်နေ့ ၂၀၁၅ ခုနှစ်၊ ဇွန်လ ၁၄ ရက်နေ့က ကျောင်းထိုင်ဆရာတော် ဦးသီရိကဉ္စနထံ လှူဒါန်းပေးခဲ့ကြောင်း အလှူရှင်များအားလုံးကို လေးစားစွာဖြင့် အသိပေး အကြောင်းကြားအပ်ပါသည်။ ယခုကဲ့သို့ စုပေါင်း ကူညီပေးခဲ့ကြသည်ကိုလည်း လွန်စွာကျေးဇူးတင်ပါသည်။ ယနေ့ မအားလပ်ခြင်းကြောင့် အလှူရှင်စာရင်း အသေးစိတ်ကို မတင်ပြနိုင်သေးပဲ ယခုကဲ့သို့ အကျဉ်းချုပ်သာ ကြေညာပေးခြင်းဖြစ်ပါသည်။ မနက်ဖြန်တွင် အလှူရှင်စာရင်း အတိအကျနှင့်တကွ မှတ်တမ်းတင်ဓာတ်ပုံများကိုပါ ပူးတွဲတင်ပြပေးသွားမည် ဖြစ်ပါသည်။

0 comments:
Post a Comment