၂၀၁၄ ခုနှစ် စက်တင်ဘာလာ ၁၄ ရက် တနင်္ဂနွေနေ့တွင် ပရဟိတ လုပ်ငန်း စိတ်ဝင်စားသူ မိတ်ဆွေ အပေါင်းတို့၏ လှူ ဘွယ်ပစ္စည်းများ ဖြစ်သော အ၀တ်အထည် ၊ စောင် ၊ ခြင်ထောင် ၊ ဖျာ ၊ ဗလာစာအုပ်နှင့် စာရေးကိရယာ ၊ ဆေးဝါးအစုံ ၊ ဆန် ၊ အဓိက လိုအပ်နေသော လျှပ်စစ်မီး အလင်းရောင်အတွက် ဆိုလာပြား ၊ မီးကြိုး ၊ မီးချောင်း နှင့် ဘက်ထရီအိုးတို့ကို သယ်ပိုး ယူဆောင်ကာ ဒဂုံမြို့သစ် (အရှေ့ ပိုင်း)မြို့ နယ် ကြာနီကန် ကျူချောင်းကွင်းရှိ မဟာနွယ်ပရဟိတ ကျောင်းတိုက်သို့ အားကျိုးမာန်တက် သွားရောက် လှုဒါန်းခဲ့ကြပါသည်။ ပရဟိတ လုပ်ငန်းကို လုပ်ဆောင်လာသည်မှာ သုံးနှစ်မျှသာရှိခြင်းကြောင့် အဆိုပါ ကျောင်းတွင် လိုအပ်ချက် များစွာ ရှိနေသေးကြောင်းကိုလည်း မိတ်ဆွေ ၊ အပေါင်းအသင်း ၊ သူငယ်ချင်းနှင့် တပည့်များကို အသိပေးအပ်ပါသည်။


ကားဝင်နိုင်တဲ့ နေရာဆုံးတော့ ပစ္စည်းတွေ ချထားရတယ်။

လမ်းကြမ်းလို့ ဒီနေရာကနေ ပစ္စည်းတွေကို စက်လှေနဲ့ သယ်ရမယ်။

စက်လှေကို ခဏတော့ စောင့်ရတယ်။

စက်လှေပေါ်တင်ဖို့ လူတစ်ချို့  တစ်ဝက်ကိုလည်း ထားခဲ့ရတယ်။

ပထမ တစ်ခေါက် စက်လှေနဲ့ ပစ္စည်းတွေကို သယ်ရတယ်။

ကျန်တဲ့လူတွေကတော့ မဟာနွယ် ပရဟိတ ကျောင်းကို ကုန်းကြောင်း ခရီးစရတော့တာပဲ။

ကျောင်းနေရာ သိအောင်လည်း ဒီလို ညွှန်းထားပါသေးတယ်။

ခရီးကတော့ အစမှာ နည်းနည်း ဟုတ်သလိုပဲ။

ကြာလာလေ လမ်းကဆိုးလေပါ။

မဖြစ်ဖြစ်အောင်တော့ သွားရတာပါပဲ။

"နောက်ဆုံးတော့ ကျောင်းကို ရောက်ပြီး ဆေးကြော သန့်စင်ရတယ်။

အမှတ်တရ ဓါတ်ပုံ ရိုက်တဲ့ သူတွေကလည်း ရိုက်လို့ပေါ့။

လှုဒါန်းတဲ့ ဆေးဝါးတွေကို အလွယ်တကူ သုံးနိုင်အောင်လည်း အညွှန်းစာတွေ ရေးပေးရသေးတယ်။


"ကျောင်းမှာရှိတဲ့ ဦးဇင်းတွေလည်း ဆိုလာပြား တင်ဖို့ စင်ကို ကိုယ်တိုင် ၀င်လုပ်နေရတယ်။

ဆိုလာပြား တင်ဖို့အတွက် စတင် ပြင်ဆင်ရပါပြီ။

ဆိုလာက ထွက်တဲ့ လျှပ်စစ်မီးကို အလွယ်တကူ သုံးနိုင်ဖို့ မီးလိုင်းတွေလည်း ဆွဲပေးရပါသေးတယ်။

ဆိုလာပြား စင်ပေါ်တင်တဲ့ လုပ်ငန်းတော့ စပါပြီ။

နောက်ဆုံးတော့ ဆိုလာပြားကို တင်လိုက်နိုင်ပါပြီ။

ဆိုလာပြားက လာတဲ့ လျှပ်စစ်ကို ရနိုင်ဖို့ အခုလိုလည်း မီးကြိုး သွယ်တန်း ပေးရပါတယ်။


ဆိုလာပြားနဲ့ ကျောင်းက ပေ ၃၀ လောက် ဝေးပါတယ်။

၅ ပေ x ၂ ပေရှိတဲ့ ဒီဆိုလာပြားက လိုအပ်တဲ့ လျှပ်စစ်မီးကို ကောင်းကောင်း ထောက်ပံ့ပေးနိုင်ပါတယ်။

အားလုံး စုပေါင်းလှုခဲ့တဲ့ အလှုကိုလည်း မှတ်တမ်းတင် ဓာတ်ပုံ ယူရပါတယ်။

မဟာနွယ်ကျောင်းမှာတော့ လောလောဆယ် အဓိက လိုအပ်နေတဲ့ ဆိုလာပြားကိုတော့ အောင်မြင်စွာ တပ်ဆင်ပေး နိုင်ခဲ့ပါပြီ။

အလုပ်တွေ ပြီးတော့ နေ့လည်စာ စားဖို့ ထမင်းချက်ဆောင်ကို သွားကြပါတယ်။

ဆွမ်းချက်ဆောင်ကို သွားရတဲ့ လမ်းကလည်း တော်တော်စွန့်စား ရပါတယ်။

ခြေထောက် ဆေးပြီးမှ ထမင်းစားဆောင်ပေါ် တက်ရပါတယ်။ အဲဒီမှာ ထမင်းတစ်နပ်ရဲ့  တန်ဖိုးကို ပိုပြီး တန်ဖိုးထားတတ် လာမှာပါ။

ကျောင်း ဝေယျာဝစ္စ အဖွဲ့က ချက်ကျွေးတဲ့ ကြက်သား ၊ ဟင်းသီး ဟင်းရွက် ရခိုင်ချက် နဲ့ ချဉ်ပေါင်ဟင်းချို ကတော့ အတော်လေး စားမြိန်ပါတယ်။

ခဏတဖြုတ်နားပြီး စားရတဲ့ နေ့လည်စာက မြိန်လှပါတယ်။

သွားရောက် လှုဒါန်းတဲ့ အဖွဲ့ဝင် အားလုံး လူ ၃၀ နီးပါးအတွက် နေ့လည်စာကလည်း ဖူလုံပါတယ်။

ကျောင်းဝေယျာဝစ္စ အဖွဲ့ကလည်း အားကြိုးမာန်တက် ချက်ပြုတ် ကျွေးမွေးပါတယ်။

ကျောင်းရဲ့  ဆွမ်းချက်ဆောင်လည်းဖြစ် ဆွမ်းစားဆောင်လည်း ဖြစ်တဲ့ ဒီနေရာက တော်တော်ကို ဆင်းဆင်းရဲရဲ အနေအထားမှာ လုပ်ကိုင်နေရတာပါ။

ဝေယျာဝစ္စအဖွဲ့ထဲမှာ ဆေးကြောတဲ့ အဖွဲ့လည်း ပါဝင်ပြီး လာရောက် လှုဒါန်းတဲ့ လူ၃၀အတွက် စားစရိတ် အဖြစ် ကျောင်းထိုင်ဆရာတော်ကို ကျပ် သုံးသောင်း ပြန်လည် လှုဒါန်းခဲ့ပါတယ်။

ဒီအဆောင်မှာပဲ ကလေးတွေကို နေ့တိုင်း ထမင်းကျွေးရတာပါ။

နေရာထိုင်ခင်းကိုတော့ မဖြစ်မနေ ပြုပြင်ပေးဖို့ လိုနေပါပြီ။

ကျောင်းအောက်က စာသင်ဆောင်မှာ ကလေးတွေ နေ့တိုင်း စာသင် စာကျက် လုပ်ရပါတယ်။

မြင်နေရတဲ့ စာသင်ဆောင်ကလည်း ပြင်ဆင်ပေးဖို့ လိုအပ်နေပါတယ်။

မူကြို အရွယ်ကနေ ၁၀ တန်းအထိ ကျောင်းသား အယောက် ၉၀ လောက်ကို ဆရာတော်က တာဝန်ယူပြီး ပညာရေးနဲ့ ကျန်းမာရေး အထောက်အပံ့တွေ ပေးနေတာပါ။

အဲဒီနေ့က လက်ရေးလှ နဲ့ ဗလာစာအုပ် ၂၅ ဒါဇင်နဲ့ အတူ စာရေးကရိယာ ပေါင်းစုံ လှုဒါန်းခဲ့လို့ ဒီကလေးတွေ အတွက် အထောက်အပံ့ တစ်စုံတစ်ရာတော့ ဖြစ်တန်ကောင်းပါတယ်။

အမှန်တော့ အကူအညီတွေက အမြဲလိုအပ်နေလို့ ရောက်တုန်း ရောက်ခိုက် တတ်စွမ်းသလောက် ကလေးတွေကို ကူညီသင်ကြားပေးခဲ့ပါတယ်။

ကျောင်းရှိ သံဃာနဲ့ ကလေး အရေအတွက်အရ ခုရှိတဲ့ အိမ်သာ ၂ လုံးက မလုံလောက်ပါဘူး။
တင်မိုးအောင်
09261517579
0931664128
0931664128